ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ကျရိပ်ပြန်ပြလာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ပြန်လည်ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ကျရိပ်ပြန်ပြလာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ပြန်လည်ကျဆင်း
Published 16 September 2017

စက်တင်ဘာ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက်တွင် ဆက်ရှိနေသော်လည်း ကျရိပ်ပြန်ပြလာပြီး ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှ စတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ပြည်တွင်းဈေးကွက်၌ အမြင့်ဆုံး ဒေါ်လာဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဒေါ်လာဈေးသည် ၁၃၅၇ ကျပ်ဖြစ်သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ် ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက် နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ သြဂုတ်လကုန်ပိုင်းရက်တွင် ၁၃၅၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၁ ရက်တွင် ၁၃၅၄ ကျပ်၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၅၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။ စက်တင်ဘာ ၅ ရက်တွင် ၁၃၅၂ ကျပ်၊ စက်တင်ဘာ ၇ ရက် တွင် ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၈ ရက်မှ စတင်ကာ ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် ၁၃၄၉ အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ၁၃၅၁ ကျပ်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်ကျခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အတက်အကျ နည်းပါးသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၁၅ ရက်၌ တစ်ဒေါ်လာ ၁၃၅၄ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့သည်။

Most Read

Most Recent