ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲတွင် ထိုင်းအသင်း အနိုင်ရဗိုလ်စွဲ

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲတွင် ထိုင်းအသင်း အနိုင်ရဗိုလ်စွဲ
Published 30 August 2017

 

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မလေးရှားအသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းများဖြစ်သည့် မလေးရှားအသင်းနှင့် ထိုင်းအသင်းမှာ (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲသို့ ထိုင်းအသင်းက အကြိမ် ၂၀၊ မလေးရှားအသင်းက ၁၂ ကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးမှာ ပွဲချိန်(၃၉)မိနစ်တွင် မလေးရှားကစားသမား Nadzli Haziq ကိုယ့်ဂိုးကိုယ် သွင်းယူခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းသည် ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ၁၆ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခြင်းဖြစ်ကာ မလေးရှားအသင်းက ခြောက်ကြိမ် ဗိုလ်စွဲထားသည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ထိုင်းအသင်း (Photo: AFP

Most Read

Most Recent