ဆီးဂိမ်းစ်ပိတ်ပွဲကို ဒိုင်ဗင်နှင့် အလေးမအဖွဲ့သာတက်ရောက်မည်

ဆီးဂိမ်းစ်ပိတ်ပွဲကို ဒိုင်ဗင်နှင့် အလေးမအဖွဲ့သာတက်ရောက်မည်
Published 30 August 2017

 

သြဂုတ် ၃၀ ရက် ကျင်းပမည့် ပိတ်ပွဲအခမ်းအနားကို မြန်မာအားကစားအဖွဲ့ များအနက် ဒိုင်ဗင်နှင့် အလေးမအဖွဲ့သာ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့များသည် သြဂုတ် ၃၀ ရက် နောက်ဆုံးထား၍ မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သောကြောင့် ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် အားကစားအဖွဲ့အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ပိတ်ပွဲအခမ်းအနားတွင် ဒိုင်ဗင်၊ အလေးမအဖွဲ့တို့နှင့် အုပ်ချုပ်မှုအဖွဲ့မှ တာဝန်ရှိသူများလည်း တက်ရောက်မည်ဖြစ်သည်။ ပြိုင်ပွဲအနေအထားအရ မြန်မာအားကစား အဖွဲ့များသည် ပြိုင်ပွဲအပြီး နောက်တစ်ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလေ့ရှိ ပြီး သြဂုတ် ၃၀၊ ၃၁ ရက်တွင် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားသမား ၃၈၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် သြဂုတ် ၂၉ ရက်ပွဲစဉ် များအပြီးထိ ရွှေတံဆိပ် ခုနစ်ခုသာ ရယူနိုင်ခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့စဉ် (Photo: nst)

Most Read

Most Recent