<

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေဆု ၄၇၉ ခု ချီးမြှင့်မည်

 

ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၄၇၉ ခု ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကိုးကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အား ကစားနည်း ၁၆ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၇၉ ခု ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံသည် နိုင်ငံအလိုက် ပထမနေရာရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၀၁ ဆီးဂိမ်းစ် ပြိုင်ပွဲအပြီးတွင် စတင်ကျင်းပခြင်းဖြစ်ပြီး မလေးရှားနိုင်ငံက တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံက ဆက်လက်ကျင်းပလေ့ရှိပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပုံမှန်ကျင်းပလျက်ရှိသည်။

၂၀၀၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လာအိုနိုင်ငံသည် ပြိုင်ပွဲ ကျင်းပနိုင်ခြင်းမရှိ၍ မလေးရှားနိုင်ငံက အစားထိုး လက်ခံကျင်းပခဲ့ဖူးကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.