ဆုတံဆိပ်ရရှိသူများအား ဂျာကာတာအစိုးရက ရူပီးယား ကိုးဘီလျံ ချီးမြှင့်မည်

ဆုတံဆိပ်ရရှိသူများအား ဂျာကာတာအစိုးရက ရူပီးယား ကိုးဘီလျံ ချီးမြှင့်မည်
Published 30 August 2017

Photo: wikipedia

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ရွှေ တံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စသည့် ဆု တံဆိပ်ဆွတ်ခူးရရှိသည့် ကစားသမားများ အား ဆုကြေးအဖြစ် ရူးပီးယား ကိုးဘီလျံ ချီး မြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဂျာကာတာလူငယ်နှင့် အားကစားဆိုင်ရာ အေဂျင်စီအကြီးအကဲဖြစ်သူ ရာတီယိုနို၏ ပြောကြားချက်အရ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိသည့်ကစားသမားများအပြင် နည်းပြများနှင့် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ရူပီးယား ကိုးဘီလျံ (ဒေါ်လာ ၆၇၄ç၀၀၀) ဆုကြေးချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိသူတွေနဲ့ နည်းပြတွေကို ချီးမြှင့်သွားမှာပါ။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုမရပေမယ့် အင်ဒိုနီးရှား ကိုယ်စားပြုကစားခဲ့သူတွေကိုလည်း ဆုကြေးငွေချီးမြှင့်မှာပါ"ဟု ၎င်းက ပြောကြားသည်။

ရွှေတံဆိပ်ရယူနိုင်သည့် ကစားသမားများအနေ ဖြင့် ရူပီးယား သန်း ၂၀၀ ခန့်စီရဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

Most Read

Most Recent