မလေးရှားအားကစားအဖွဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ရရှိမှု စံချိန်သစ်တင်

မလေးရှားအားကစားအဖွဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ရရှိမှု စံချိန်သစ်တင်
Published 30 August 2017

 

ယခင်စံချိန်ဟောင်းကိုလိုက်မီစေမည့် ရွှေတံဆိပ်ဆုရယူပေးခဲ့သူ စက်ဘီးသမား အာဝမ် (Photo: kualalumpur2017)

မလေးရှားအားကစားအဖွဲ့သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်အများဆုံးရရှိသည့် ပြိုင်ပွဲအဖြစ် စံချိန်မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

မလေးရှားအသင်းသည် သြဂုတ် ၂၈ ရက် ပွဲစဉ်များအပြီးမှာပင် ရွှေတံဆိပ် ၁၁၁ ခု၊ ငွေ တံဆိပ် ၇၇ ခု၊ ကြေးတံဆိပ် ၆၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅၇ ခုရရှိထားပြီး ၂၀၀၁ ခုနှစ် ကွာလာလမ်ပူဆီးဂိမ်းစ်ပြိုင်ပွဲ၌ ရရှိခဲ့သည့် ရွှေတံဆိပ်အများဆုံး ၁၁၁ ခုစံချိန်ကို အမီလိုက်နိုင်ခဲ့သည်။

ယခင်စံချိန်ဟောင်းကို လိုက်မီစေမည့် ရွှေတံဆိပ်ဆုအား ရီယိုအိုလံပစ် ကြေးတံဆိပ်ဆုရှင် နာမည်ကြီးစက်ဘီးသမား အဇစ်ဇူလ်ဟာဆနီအာဝမ်က ရယူပေးခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၉ ရက် နံနက်ပိုင်းကကျင်းပ သည့် ပွဲစဉ်များတွင် ရွှေတံဆိပ်သုံးခုထပ်မံရရှိခဲ့ရာ မလေးရှားအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်အများဆုံး ရရှိသည့်ပြိုင်ပွဲအဖြစ် စံချိန်သစ်ရေးထိုးနိုင် ခဲ့ပြီဖြစ်သည်။

မလေးရှားအားကစားအဖွဲ့ အတွက် ရွှေတံဆိပ်ဆုများကို ကျွမ်းဘားအဖွဲ့ က အများဆုံးရယူပေးထားပြီး စုစုပေါင်း ၁၃ ခု အထိ ရရှိခဲ့သည်။

 

 

Most Read

Most Recent