<

ရွှေဆုမျှော်မှန်းနိုင်သည့် အေးအေးအောင်ပွဲစဉ် သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ကျင်းပမည်

 

လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဂျူဒိုအဖွဲ့ ရွှေဆု မျှော်မှန်းနိုင်သည့် ဂျူဒိုလက်ရွေးစင်အားကစားမယ် အေးအေးအောင်၏ပွဲစဉ်ကို သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အေးအေးအောင်သည် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ဖိလစ်ပိုင်ကစားသမားနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အေးအေးအောင်သည် ယင်းအဆင့်တွင် အနိုင်ရခဲ့ပါက အင်ဒိုနီးရှားကစားသမားနှင့် ဆီမီးဖိုင်နယ်တွင် ကစားရမည်ဖြစ်ပြီး ရွှေဆုအတွက် အဓိကယှဉ်ပြိုင်ရမည့် ဗီယက်နမ် ကစားသမားနှင့် ဗိုလ်လုပွဲမှ တွေ့ဆုံဖွယ်ရှိသည်။

အေးအေးအောင်သည် ရွှေဆုအတွက် ဗီယက်နမ်ကစားသမားနှင့် နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ကာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဂျူဒိုလက်ရွေးစင် အေးအေးအောင် ပြိုင်ပွဲမတိုင်မီ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အေးအေးအောင်သည် ယင်းပြိုင်ပွဲတွင် ဒဏ်ရာအခြေအနေကြောင့် ရွှေတံဆိပ်ဆုနှင့်လွဲချော်ခဲ့ပြီး ယခုနှစ်တွင် ရွှေဆုပြန်လည်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အေးအေးအောင်သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၂၀၀၇၊ ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့၌ ရွှေတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရသည်။

August 26, 2017














Copy Protected by Chetan's WP-Copyprotect.