ဆီးဂိမ်းစ် Facebook စာမျက်နှာအတုရှိနေသဖြင့် သတိပေးချက်ထုတ်ပြန်

ဆီးဂိမ်းစ် Facebook စာမျက်နှာအတုရှိနေသဖြင့် သတိပေးချက်ထုတ်ပြန်
Published 27 August 2017

 

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီ (MASOC) သည် Facebook တွင် ဆီးဂိမ်းစ် Page အတုထွက်ပေါ်နေသဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ တရားဝင် Facebook Page မှာ Kuala Lumpur 2017 ဖြစ်ပြီး အပြာရောင်အမှန်ခြစ်ပါဝင်ကြောင်း သိရသည်။

Photo: Kuala Lumpur 2017

သို့သော် အခြားဆင်တူယိုးမှာစာမျက်နှာများ ရှိနေသဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး "အပြာရောင်အမှန်ခြစ်ပါဝင်သည့်စာမျက်နှာသာ KL2017 ပြိုင်ပွဲ၏ တရားဝင် Facebook Page ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါသည်။ မိမိတို့အနေဖြင့် အခြားတရားမဝင်စာမျက်နှာများနှင့် ချိတ်ဆက်ထားခြင်းမရှိပါ။ ပရိသတ်များအနေဖြင့် မည်သည့်နေရာမှရရှိသည့် သတင်းအချက်အလက်ဖြစ်ကြောင်း ဂရုပြုရန်လိုအပ်ပြီး Kuala Lumpur 2017 မှ ထုတ်ပြန်သည့်အချက်အလက်များသာ အပြည့်အဝမှန်ကန်မှုရှိပါသည်" ဟု ဖော်ပြထားသည်။

Most Read

Most Recent