ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တတိယနေ့ပွဲစဉ်များ ယနေ့ ဆက်လက်ကျင်းပမည်

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တတိယနေ့ပွဲစဉ်များ ယနေ့ ဆက်လက်ကျင်းပမည်
Published 20 August 2017

 

(

အုပ်စု(ခ)ကို ဦးဆောင်နေသည့် ဗီယက်နမ်အသင်း အရှေ့တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့စဉ် (Photo: AFP)

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တတိယနေ့ပွဲစဉ်များကို သြဂုတ် ၂၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအားလုံး နိုင်ပွဲဆက် ဖွယ်ရှိကြောင်း သိရသည်။

တတိယနေ့ပွဲစဉ်များအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဆီလာယန်ကွင်း၌ တီမောအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ည ရး၁၅ နာရီတွင် ဆီလာယန်ကွင်း၌ ထိုင်းအသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ ရှာအလမ်ကွင်း၌ ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်း တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒုတိယနေ့ပွဲစဉ်များအပြီးတွင် ဗီယက်နမ်အသင်းက နှစ်ပွဲစလုံးအနိုင်ရကာ ထိပ်ဆုံးမှ ဦး ဆောင်နေပြီး အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့က လေးမှတ်စီ၊ ဖိလစ်ပိုင်အသင်းက သုံးမှတ်၊ တီမောနှင့် ကမ္ဘောဒီးယား အသင်းတို့က အမှတ်မရသေးပေ။ နှစ်ပွဲဆက်အနိုင်ရထား သည့် ဗီယက်နမ်အသင်းသည် အင်ဒိုနီးရှား၊ ထိုင်းအသင်းတို့ နှင့် မတွေ့ဆုံမီ အမှတ်ပြည့်ရထားရန် လိုအပ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် ယင်းပွဲများမှာ အရေးပါလျက်ရှိသည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက် နိုင်သည့် တစ်သင်းသာ ထွက်ပေါ်သေးပြီး အုပ်စု (က) တွင် တစ်သင်း၊ အုပ်စု (ခ) တွင် နှစ်သင်းစလုံး ထွက်ပေါ်လာခြင်း မရှိသေးပေ။ အုပ်စု (ခ) တွင် အသင်းခြောက်သင်း ပါဝင်နေ ကြောင်း သိရသည်။

Most Read

Most Recent