သြဂုတ် ၁၉ ရက်အပြီးတွင် မလေးရှား ဆက်လက်ဦးဆောင်

သြဂုတ် ၁၉ ရက်အပြီးတွင် မလေးရှား ဆက်လက်ဦးဆောင်
Published 20 August 2017

 

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းက သြဂုတ် ၁၉ ရက် ပွဲစဉ်များအပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၉ ရက်တွင် ရွှေ ခုနစ်ခု၊ ငွေလေးခု၊ ကြေးငါးခုဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး စင်ကာပူအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထားသည့် မြန်မာအသင်းသည် အဆင့် ၅ နေရာသို့ ရောက်ရှိသွားပြီး နာမည်ကြီး ဗီယက်နမ်အသင်းအပါအဝင် တီမော၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်းအသင်းတို့မှာ ရွှေတံဆိပ်ရ ယူနိုင်ခြင်း မရှိသေးပေ။

Photo: kualalumpur2017

ဆီးဂိမ်းစ်ပြိုင်ပွဲကို သြဂုတ် ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မလေးရှားနိုင်ငံသည် ခြောက်ကြိမ်မြောက် လက်ခံကျင်းပနေခြင်းဖြစ်ကာ နိုင်ငံအလိုက် ပထမနေရာရရန် ရည်မှန်းထားသည်။

Most Read

Most Recent