မလေးရှားအသင်းထက် မြန်မာ ပိုကောင်းဟု ဘရူနိုင်းနည်းပြ ချီးကျူး

မလေးရှားအသင်းထက် မြန်မာ ပိုကောင်းဟု ဘရူနိုင်းနည်းပြ ချီးကျူး
Published 20 August 2017

 

ဘရူနိုင်း ယူ-၂၂ အသင်းနည်းပြချုပ် တောင်ကိုရီးယားလူမျိူး ကွမ်အိုဆွန်က အုပ်စု (က) တွင် ပါဝင်ယှဉ်ပြိုင်နေသည့်အသင်းများ အနက် အိမ်ရှင်မလေးရှားအသင်းထက် မြန်မာအသင်းက ကစားပုံပိုကောင်းကြောင်း ပြောကြားခဲ့သည်။

ကွမ်အိုဆွန်က "နှစ်သင်းစလုံးကတော့ အုပ်စု(က)ရဲ့ အတောင့်တင်းဆုံး အသင်းတွေပါပဲ။ ခြေစွမ်းပိုင်းအရ ကောင်းမွန်တဲ့ အသင်းတွေပါ။ နှစ်သင်းစလုံးကို နှိုင်းယှဉ်ရမယ်ဆိုရင် ခြေစွမ်းက ကွာခြားမှုတော့မရှိပါဘူး။ ကျွန်တော်တို့နဲ့ ကစားသွားတဲ့ ခြေစွမ်းကိုပဲ နှိုင်းယှဉ်ရမယ်ဆိုရင် မြန်မာအသင်းက ပိုကောင်းပါတယ်။ နှစ်သင်းစလုံးမှာ ကစားသမားကောင်းတွေပါပြီး ဆီမီးဖိုင်နယ်တက်ဖို့ ထိုက်တန်တဲ့အသင်းတွေပါ"ဟု ပြောကြားသည်။

ဘရူနိုင်း ယူ-၂၂ အသင်းနည်းပြ ကွမ်အိုဆွန် (Photo: ThePapare)

ဘရူနိုင်းအသင်းသည် အုပ်စုနှစ်ပွဲ ကစားအပြီးတွင် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသောကြောင့် ဆီမီးဖိုင်နယ်နှင့်လွဲချော်ရန် သေချာသလောက်ရှိနေပြီး မြန်မာအသင်းသည် သုံးပွဲစလုံး အနိုင်ကစားကာ ဆီမီးဖိုင်နယ်ပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များမှာ သြဂုတ် ၂၄ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး သြဂုတ် ၁၉ ရက်အထိ မြန်မာတစ်သင်းတည်းသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားသည်။

Most Read

Most Recent