ဆီးဂိမ်းစ်ပြိုင်ပွဲသို့လာရောက်သူများ အဆင်ပြေချောမွေ့စေရန် လေဆိပ်များ၌ အထူးအစီအစဉ်များ ဆောင်ရွက်ထား

ဆီးဂိမ်းစ်ပြိုင်ပွဲသို့လာရောက်သူများ အဆင်ပြေချောမွေ့စေရန် လေဆိပ်များ၌ အထူးအစီအစဉ်များ ဆောင်ရွက်ထား
Published 15 August 2017

Photo: Kualalumpur2017

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများသည် ပြိုင်ပွဲသို့လာရောက်သည့် အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် မီဒီယာများ ပြည်ဝင်ခွင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ကွာလာလမ်ပူအပြည် ပြည်ဆိုင်ရာလေဆိပ် KLIA နှင့် KLIA2 လေဆိပ်များ၌ ဆီးဂိမ်းစ်ပြိုင်ပွဲသို့လာရောက် သူများအတွက် လူဝင်မှုကြီးကြပ်ရေးကောင် တာများ သီးသန့်ထားရှိ၍ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် လန်ကာဝီနှင့် ဆူလ်တန်မာမွတ်လေ ဆိပ်အပါအဝင် လေဆိပ်များ၌ ကြိုဆိုရေးသံ တမန် ၂၀၀ နှင့် စေတနာ့ဝန်ထမ်း ၁၈၀ အား တာဝန်ပေးအပ်ထားကြောင်း တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။

"ကျွန်တော်တို့အဖွဲ့ က သြဂုတ် ၁၃ မှာ ကွာလာလမ်ပူကိုရောက်ပါ တယ်။ စုစုပေါင်းငါးဦးမှာ လေးဦးပဲ မီဒီယာအသိအမှတ်ပြုကတ်ပြားရထားပြီး တစ်ဦး ကျန်ပါသေးတယ်။ ဒါပေမဲ့ လေဆိပ်မှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေက ကူညီပေးလို့ အခက် အခဲမရှိဘဲ အဆင်ပြေခဲ့ပါတယ်" ဟု Eleven Media Group ၏ သတင်းထောက်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent