နိုင်ငံတကာအဆင့် စည်းမျဉ်းများနှင့်ကိုက်ညီရန် အချိန်ယူရဦးမည့် မြန်မာ့ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး

နိုင်ငံတကာအဆင့် စည်းမျဉ်းများနှင့်ကိုက်ညီရန် အချိန်ယူရဦးမည့် မြန်မာ့ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး
Published 25 December 2017

ပြည်တွင်းဘဏ်တစ်ခု၏ ဘဏ်ခွဲလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍနှင့် ငွေရေးကြေးရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ စနစ်တကျဖြစ်စေရန် နိုင်ငံတော်ဗဟိုဘဏ်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ပြည်တွင်းဘဏ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းအသစ်များ ထုတ်ပြန်ခဲ့ပြီး ပမာဏကြီးမားသော ကြွေးမြီများ ဆိုင်ရာစည်းမျဉ်း၊ ဘဏ်များ လိုက်နာရမည့် မ,တည်ငွေရင်း လုံလောက်မှုဆိုင်ရာစည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းတို့ပါဝင်ခဲ့ခြင်းကြောင့်၂၀၁၇ ခုနှစ် ၏ ထင်ရှားသည့် စီးပွားရေးဆိုင်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

မ, တည်ငွေရင်း လုံလောက်မှုအချိုးဆိုသည်မှာ ဘဏ်၏ မçတည်ရင်းနှီးငွေနှင့် ဘဏ်၏ ဆုံးရှုံးနိုင်ခြေ အလေးပေးတွက်ချက်ထားသည့် ရရန်ပိုင်ခွင့်တို့၏ အချိုးကိုဆိုသည်။ ဘဏ်များသည် မçတည်ငွေရင်းလုံလောက် အချိုးအား စုစုပေါင်း မ,တည်ငွေရင်း လုံလောက်မှုအချိုး ရှစ်ရာခိုင်နှုန်း၊ အနည်းဆုံးအလွှာ(၁) မ,တည်ငွေရင်းလုံလောက်မှုအချိုး လေးရာခိုင်နှုန်း၊ မ,တည်ငွေရင်း လုံလောက်မှုအချိုးကို ပြည့်မီအောင်ဆောင်ရွက်ရာတွင် အလွှာ(၂) မ,တည်ငွေရင်း သို့မဟုတ် ဖြည့်စွက်မçတည် ငွေရင်းကို အလွှာ (၁) မတည်ငွေရင်း၏ အများဆုံး ၁၀၀ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ထည့်သွင်းသတ်မှတ်နိုင်ခြင်း ဖြစ်သည်။

ထို့အတူ ဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုးအား အနည်းဆုံးရာခိုင်နှုန်း ၂၀ ထား ရှိရမည်ဖြစ်ပြီး မိမိ၏ ငွေကြေးလွယ်ကူမှု အချိုးအခြေအနေကို နေ့စဉ်တွက်ချက်၍ သတ်မှတ်ထားသည့် အစီရင်ခံစာ ပုံစံအတိုင်း သီတင်းပတ်အလိုက် ပျမ်းမျှအချိုးအား ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနသို့ အပတ်စဉ် ရက်သတ္တပတ်ကုန်ဆုံးသည့်နေ့၏ နောက်တစ်နေ့ အလုပ်လုပ်ရက်တွင် အစီရင်ခံတင်ပြရန် သတ်မှတ်ထားသည်။

ထို့ပြင် ဘဏ်များအနေဖြင့် ချေးငွေများ၊ ကြိုတင်ထုတ်ချေးငွေများနှင့် လက်ကျန်ရှင်းတမ်းနှင့် လက်ကျန်ရှင်းတမ်းပြင်ပရှိ အခြားရရန်ပိုင်ခွင့်များတွင် ဆုံးရှုံးမှုဖြစ်ပေါ်သည့် အခါတိုင်း အဆိုပါဆုံးရှုံးမှုအတွက် လုံလောက်သော လျာထားချက်များပြုလုပ်ထားရမည်။ ယင်းသို့လျာထားရာတွင် ပျက်ကွက်မှုဖြစ်ပေါ်သည့်အပိုင်းကိုသာ လျာထားရန်မဟုတ်ဘဲ ချေးငွေနှင့် ကြိုတင်ထုတ်ချေးငွေ လက်ကျန်အားလုံး၏ အတိုး၊ အရင်းနှစ်ရပ်စလုံးပေါ်တွင် လျာထားရမည်ဟု သတ်မှတ်ထား ခြင်း ဖြစ်သည်။

ပမာဏကြီးမားသော ကြွေးမြီဆိုသည်မှာ ဘဏ်၏အဓိကမတည်ငွေရင်း၏ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်၍ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း သို့မဟုတ် ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းသို့ ထုတ်ချေးသည့်ချေးငွေကို ဆိုလိုခြင်းဖြစ်သည်။ အထူးသဖြင့် နှစ်ဦးသို့မဟုတ် နှစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအကြားတွင် ဆက်နွှယ်သူများထဲမှ တစ်ဦးသည် အခြားသူများအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိန်းချုပ်နိုင်ခြင်း၊ ဆက်နွှယ်သူများသည် တူညီသည့်မိခင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီများဖြစ်ခြင်း၊ တူညီသော စီမံခန့်ခွဲမှုအောက်တွင်ရှိခြင်း၊ ယင်းတို့ထဲမှ တစ်ဦးသည် အခြားသောပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတွင် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်သော အကျိုးစီးပွားရှိခြင်းနှင့် အပြန်အလှန် အာမခံသည့်သဘောတူညီချက် စာချုပ်ချုပ်ဆိုထားခြင်း သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်စာချုပ်များ၊ လုပ်ငန်းခွဲဝေလုပ်ကိုင်မှု စာချုပ်စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး စီးပွားရေးလုပ်ငန်းများ အထူးဆက်နွှယ်မှုရှိခြင်းတို့ဖြစ်သည်။

ထိုသို့ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းအချို့ကို ကိုက်ညီအောင်ဆောင်ရွက်ရန် ပြည်တွင်းဘဏ်များအတွက် အခက်အခဲ ဖြစ်ပေါ်ခဲ့သဖြင့် ဘဏ်လုပ်ငန်းရှင်များနှင့် ဗဟိုဘဏ်တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ခဲ့ရသည်။ ထို့နောက် ဗဟိုဘဏ်က ရရန်ပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာစည်းမျဉ်းပါ အချက်အချို့ကို ပြန်လည်ဖြေလျှော့ပေးပြီး  အဓိကအချက်မှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်အထိ ဘဏ်များမှထုတ်ချေးခဲ့သော စာရင်းပို ထုတ်ချေးငွေများအနက် တစ်နှစ်ပြည့်မြောက်သည့်နေ့တွင်  ပြန်လည်မပေးဆပ်နိုင်သော စာရင်းပိုထုတ်ချေးငွေများအား ဗဟိုဘဏ်မှ ချမှတ်ထားသောအချက်များနှင့် ကိုက်ညီပါက သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက် ချေးငွေများအဖြစ် ပြောင်းလဲခွင့်ပြုခြင်းဖြစ်သည်။ ထို့ပြင် ငွေကြေးလွယ်ကူမှုအချိုးသတ် မှတ်ချက်ဆိုင်ရာစည်းမျဉ်းကိုလည်း အချိုးတွက်ချက်မှုပုံစံတွင်ပါရှိသည့် ငွေတိုက်စာချုပ်များနှင့်စပ်လျဉ်း၍ သက်တမ်းတစ်နှစ်ထက် ပို၍ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကိုပါ ထည့်သွင်းတွက်ချက် ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ပေးသော စည်းမျဉ်းစည်းကမ်းသစ်များသည် နိုင်ငံတကာ ဘဏ်လုပ်ငန်းများတွင် လိုက်နာဆောင်ရွက်နေသော စည်းမျဉ်းစည်းကမ်းများဖြစ်သော်လည်း အချို့စည်းမျဉ်းများကို ပြည်       တွင်းဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် အချိန်အတိုင်းအတာ လိုအပ်ခြင်းကြောင့်  အချို့အချက်များ ပြန်လည်ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

ဘဏ်များ၏ အဓိကဝင်ငွေအရင်းအမြစ်သည် ချေးငွေလုပ်ငန်းမှဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက်လည်း ချေးငွေရရှိရေးက အဓိကလိုအပ်ချက် ဖြစ်နေသည်။ ၂၀၁၇ ခုနှစ်အထိ ချေးငွေရရှိရန် မရွှေ့ပြောင်းနိုင်သည့် ပိုင်ဆိုင်ပစ္စည်းများကိုသာ အာမခံအဖြစ်လက်ခံ၍ ဘဏ်ချေးငွေထုတ်ပေးနေခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများကြောင့် ဘဏ်များပိုမိုလုံခြုံ စိတ်ချရမည်လား၊ လုပ်ငန်းရှင်များ ချေးငွေရရှိရန် လွယ်ကူလျင်မြန်မလား စသည့်ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Most Read

Most Recent