၂၀၁၇ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့သည့် စာအုပ်ပေါင်း ၅၀၀ ကျော်ရေးသားခဲ့သော စာရေးဆရာ မောင်စူးစမ်း

၂၀၁၇ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့သည့် စာအုပ်ပေါင်း ၅၀၀ ကျော်ရေးသားခဲ့သော စာရေးဆရာ မောင်စူးစမ်း
Published 25 December 2017

၂၀၁၇ ခုနှစ်အတွင်းတွင်  'မြန်မာ့စီးပွားရေးစစ်တမ်း၊ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေး အယူအဆ (ချမ်းအေး စစ်တမ်း)' အစရှိသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း  ၅၀၀ ကျော် ရေးသားခဲ့သည့် စာရေးဆရာ မောင်စူးစမ်း ကြွေလွင့်ခဲ့သည်။ စာရေးဆရာ မောင်စူးစမ်းသည်  (၂၄-၉-၁၉၇၂) ခုနှစ်တွင် ပျဉ်းမနားမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်းခုနစ်ယောက်အနက် အကြီးဆုံးသားဖြစ်ကာ အမည်အရင်းမှာ ဦးချမ်းအေးဖြစ်ကြောင်း သိရသည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ချစ် (၈၃)နှစ်နှင့် သမီးတစ်ဦး၊ မြေးတစ်ဦးရှိကြောင်း သိရသည်။ စာရေးဆရာ မောင်စူးစမ်းသည် တက္ကသိုလ်ကျောင်းသားဘ၀ (အိုင်အေ ဂုဏ်ထူးတန်း) တက်ရောက်နေသည့်အချိန်တွင် သက်ဆိုင်ရာ ဆရာများက Ph.D အတွက် (London School of Economic) သို့ ပို့ဆောင်ရန်စီစဉ်ထားခဲ့သော်လည်း ၎င်းမှာ ဗကသကိုဦးဆောင်ကာ ဗမာကွန်မြူနစ်ပါတီနှင့်အတူ တောခိုသွားခဲ့သူဖြစ်ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်မှစတင်ပြီး စာပေနယ်ပယ်ထဲသို့ ဝင်ရောက်လာကာ 'မြန်မာ့ စီးပွားရေးစစ်တမ်း'၊ 'လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေး အယူအဆ (ချမ်းအေးစစ်တမ်း)' တို့အပြင် ၁၉၅၅ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် စီးပွားရေးပညာဌာနတွင် လက်ထောက်ကထိက တာဝန်ထမ်းဆောင်ရင်း 'ဘောဂဗေဒအခြေပြ' နှစ်တွဲ၊ 'National Income' စသည့် ကျောင်းစာအုပ်များကိုလည်း ရေးသားခဲ့သည်။ ၎င်းနောက်ဆုံး ထုတ်ဝေခဲ့သည့် စာအုပ်မှာ ၂၀၁၄ ခုနှစ်တွင် Thomas Friedman ရဲ့ The Lexus and The Olive Tree စာအုပ်အား 'လက်ဇပ်ကားနှင့် သံလွင်ပင်' အမည်ဖြင့် အမေရိကန် ပြန်ကြားရေးဌာနမှတစ်ဆင့် ထုတ်ဝေခဲ့သည်။ စာရေးဆရာမောင်စူးစမ်းသည် စီးပွားရေးတက္ကသိုလ်၏ ပညာရေးဆီးနိတ်အဖွဲ့ဝင်၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အထူးအရာရှိ၊ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ် ဒါရိုက်တာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး ဗဟိုကော်မတီဝင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent